Nice & Precise ကုမ္ပဏီလီမိတက် ကို မြန်မာပြည်တွင် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခေတ်မှီ ခိုင်ခံ့ လှပသော တံခါးနှင့် ပြတင်းပေါက်အမျိုးမျိုး၊ ပရိဘောဂပစ္စည်း အမျိုးမျိုးတို့ကို မှန်ကန်သောဈေးနှုန်း၊ အာမခံသော အရည်အသွေးတို့ဖြင့် မြန်မာပြည်တစ်ဝှမ်းလုံးကို ဖြန့်ဖြူး ရောင်းချပေးနေသော ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။
Nice & Precise ကုမ္ပဏီလီမိတက် မှ လူကြီးမင်းတို့၏ အဆင့်မြင့် အဆောက်အဦးများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ရုံးခန်းများ၊ စားသောက်ဆိုင်များအတွက် လိုအပ်သော ပရိဘောဂအမျိုးမျိုး၊ ပြတင်းပေါက်အမျိုးမျိုးနှင့် တံခါးအမျိုးမျိုးတို့ကို လူကြီးမင်းတို့ စိတ်တိုင်းကျသည်အထိ အာမခံမှုအပြည့်အဝရှိသော အရည်အသွေး၊ အဆင့်မြင့် နည်းပညာတို့ဖြင့် ပြုလုပ်ပေးနေပါပြီ။
လူကြီးမင်းတို့၏ ခေတ်မှီခိုင်ခံ့လှပ၍ ဂုဏ်ကျက်သရေရှိသော အဆောက်အဦး အမျိုးမျိုးတို့အတွက် အခန်းတွင်း ပရိဘောဂအမျိုးမျိုးတို့ကို ထည့်သွင်းရန် တိုင်းတာတွက်ချက်ပေးခြင်း၊ လိုအပ်သော ဒီဇိုင်းအတိုင်း ကျွမ်းကျင် အင်ဂျင်နီယာများ ဒီဇိုင်နာများက ရေးဆွဲတွက်ထုတ်ပေး၍ ပရိဘောဂအမျိုးမျိုးတို့ဖြင့် အလှဆင်ပေးခြင်း လုပ်ငန်းအထိ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။
လက်လီ၊ လက္ကား ဖြန့်ဖြူးရောင်းချလိုသော အမြို့မြို့အနယ်နယ်မှ မိတ်ဆွေများကိုလည်း ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုပါသည်။